"အမြင်မှန်မှ အမှန်မြင်မယ်"
===============
အကွက်ကအရမ်းလှတယ်နော်။ ဝါကာအူဒင်၊ ဌေးလွင်ဦး၊ ဒေါက်တာဇာနည်၊ ရိုနေစန်းလွင်အပြင် တခြားသူတွေအများကြီးရှိနေပါသေးတယ်။
ပြီးခဲ့တဲ့နှစ်က တက်တက်ကြွကြွမပါခဲ့တဲ့အမေရိကန်ကလူကို မရရအောင်စည်းရုံးတယ်။ ဒီနှစ်ထဲမှာ သူတို့လိုချင်တဲ့ Fact Finding Mission ဆိုတာကိုမရရအောင်ဖွဲ့စည်းတယ်။
Fact Finding Mission အစီရင်ခံစာအကြမ်းထွက်လာပြီးတဲ့အချိန်မှာ တပ်ချုပ်နဲ့ တပ်မတော်အကောင့်တွေကို remove လုပ်ပစ်လိုက်တယ်။
တပ်ချုပ်နဲ့ တပ်အကောင့်တွေကို remove လုပ်ပြီးတဲ့အချိန်နဲ့ မရှေးမနှောင်းမှာပဲ တပ်မတော်ကထုတ်တဲ့စာအုပ်မှာ ဓာတ်ပုံအလွဲတွေနဲ့ ဝါဒဖြန့်ထားတာတွေကို ကမ္ဘာကသိအောင် Reuters ကတဆင့် ချပြလိုက်တယ်။
အဲဒီ Reuters က ဖော်ထုတ်ဖွင့်ချမှုကိုတပ်မတော်ဘက်က ပြန်ဖြေရှင်းချင်တယ်ဆိုရင်တောင် FB အသုံးပြုနိုင်တဲ့ဘောင်က ကျဉ်းသွားပြီ။ တစ်နည်းအားဖြင့် တပ်မတော်ဆိုတဲ့ institution နာမည်နဲ့တရားဝင်ဖြေရှင်းတဲ့သဘောနဲ့ FB ကနေ ထုတ်ပြန်လို့ မရတော့ဘူး။
ဌေးလွင်ဦး အကောင့်မှာတော့ "ဒီလိုဖြစ်လာတာနဲ့မင်းတို့တတွေ ဗီတိုကိုအားကိုးမယ်ဆိုတာ ငါတို့ကြိုတင်တွက်ချက်ပြီးသားဖြစ်တယ်။ နောက်ထပ် plan ဆွဲပြီးသားလည်းဖြစ်တယ်" လို့ပေါ်တင်စိန်ခေါ်ထားတာတွေ့ရတယ်။
ပြောချင်တာ ခင်ဗျားတို့ ရင်ဆိုင်နေရတဲ့သူတွေဟာငပြိန်းတွေမဟုတ်ဘူး။ အားလုံးပြည်ပမှာနေကြတယ်။ အင်္ဂလိပ်စာကျွမ်းကျင်တယ်။ ဗမာတွေသုံးနေတဲ့ဗမာ့နည်းဗမာ့ဟန်အင်္ဂလိပ်စာမဟုတ်ဘူး။ ကမ္ဘာ့အသိုင်းအဝိုင်းကို ဝါဒဖြန့်ဖို့ ပိုမိုချောမွေ့တဲ့ အင်္ဂလိပ်ဆန်တဲ့
အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်တယ်။
မောင်ဇာနည်လို အခြေအနေကြည့်ပြီး သာကူးလုပ်လိုက်တဲ့သူကလွဲလို့ ဝါကာအူဒင်အပါအဝင် ကျန်တဲ့ဘင်္ဂလီအားလုံးဟာတင်ကူးကြံရွယ်ပြီးသားရည်ရွယ်ချက်ရှိပြီးသားလူတွေဖြစ်တယ်။ ပြည်ပကိုထွက်သွား
ကြကတည်းက တစ်နေ့ ဒါတွေအကောင်အထည် မဖြစ်ဖြစ်အောင်ဖော်မယ်ဆိုတဲ့ သန္နိဋ္ဌာန်အခိုင်အမာချထားပြီးသားလူတွေဖြစ်တယ်။
သူတို့ဟာ ညီညွတ်တယ်။ သူတို့မှာ ရာထူးဌာနန္တရတွေမရှိဘူး။ အချင်းချင်းခွက်စောင်းခုတ်နေတာတွေမရှိဘူး။ သူတို့ဘာသာဝင် သူတို့လူမျိုးတွေအတွက်ဘယ်လိုတိုက်ပွဲဝင်ရမယ်ဆိုတဲ့ ပြင်းပြတဲ့တိုက်ပွဲဝင်စိတ်ဓာတ်ပဲရှိတယ်။ အဲဒီစိတ်ဓာတ်နဲ့အလုပ်လုပ်ကြတယ်။ အဲဒီစိတ်ဓာတ်နဲ့ သူတို့ရဲ့ capacity တွေကို
မြှင့်တင်ကြတယ်။
ပြောချင်တာက ခင်ဗျားတို့ရင်ဆိုင်နေရတဲ့ ဘင်္ဂလီအရေးလှုပ်ရှားသူတွေအားလုံးဟာ ခင်ဗျားတို့တွက်ထားသလောက် အချဉ်တွေမဟုတ်ဘူး။
လိုအပ်လို့စာကြိုးစားတယ်။ လိုအပ်လို့ ပြည်ပနိုင်ငံတွေမှာပညာတတ်ဖြစ်အောင်လုပ်တယ်။ လိုအပ်လို့ UN/ INGO/ OIC နဲ့ US လွှတ်တော်အမတ်တွေအထိ ဝင်ဆန့်အောင်လုပ်တယ်။ လွှမ်းမိုးထားနိုင်အောင်
လုပ်တယ်။ အစ္စလာမ်စ်နိုင်ငံတွေရဲ့ ငွေ/ လူ/ စိတ်ဓာတ်အားပေးမှုအပြင် လိုအပ်ရင် လက်နက်ခဲယမ်းပါရအောင် ကြိုတင်စီမံထားတယ်။ လိုအပ်ရင်လည်း အသေခံဗုံးခွဲတဲ့သူမျိုးတွေကအစ မွေးမြူထားနိုင်တယ်။
UN/ INGO/ Global Media ကအစ ထိန်းချုပ်ထားနိုင်တဲ့အတွက် သူတို့ရဲ့ဝါဒဖြန့်ချိမှုကို ကမ္ဘာနဲ့အဝန်းအချိန်နဲ့တပြေးညီဆောင်ရွက်နိုင်တယ်။
နောက်ဆုံး
ကုန်ကုန်ပြောရရင် လိုအပ်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုတံဆိပ်တွေကအစ ပြန်ရုပ်သိမ်းအောင်လုပ်နိုင်ခဲ့တယ်။
တစ်ခုပဲမေးချင်တယ်။
သူတို့ကို ရင်ဆိုင်ဖို့ ခင်ဗျားတို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ။
ဆွာချောင်းရေလှောင်တမံကျိုးတာကို ဒီမိုက စစ်တပ်ကိုစွပ်စွဲ၊ စစ်လော်ဘီတွေက ဒီမိုအစိုးရကိုစွပ်စွဲလောက် စောက်ရေးမပါတဲ့ အမနာပတွေပြောပြီး တိုက်ခိုက်နေရုံနဲ့ သူတို့ကိုရင်ဆိုင်လို့မရဘူးဆိုတာ မြဲမြဲမှတ်ထား။
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော် ၁၉၉၈ ရှေ့ပိုင်းကာလမှာ ဗီယက်နမ်ဘယ်ဘဝရောက်နေလဲ။ အခု အနှစ်နှစ်ဆယ်အတွင်း ဘယ်လောက်အထိ တိုးတက်လာခဲ့သလဲ။
ဗီယက်နမ်ဆိုတာ အမေရိကန်ကရော တရုတ်ကပါ အဗျင်းခံထားရဖူးတဲ့ ကွန်မြူနစ်နိုင်ငံ။ လက်ရှိအချိန်မှာ အမေရိကန် စီးပွားရေး လုပ်ငန်းတွေနဲ့ ကြီးပွားတိုးတက်နေပြီး ကွန်မြူနစ်ဟောင်း ရုရှားလက်နက်တွေကိုအသုံးပြုနေတဲ့နိုင်ငံ။
အခုပြောတဲ့အနှစ်နှစ်ဆယ်ကျော်ကာလအတွင်းမှာကိုပဲ ဗီယက်ခေါင်းဆောင်တွေ၊ ဗီယက်နမ်စစ်ဗိုလ်ချုပ်ကြီးတွေ ကမ္ဘာပေါ်မှာနှာခေါင်းအရှုံ့ခံရလောက်အောင် စီးပွားရေးသောင်းကျန်းခဲ့တာ၊ အဂတိလိုက်စားခဲ့တာ၊ ဆွေ
မျိုးသားချင်းကောင်းစားရေးဝါဒကျင့်သုံးခဲ့တာတွေ ကြားဖူးသလား။
ဘာ ဒီမိုကရေစီမှမပြောင်းသေးဘဲ ဗီယက်
နမ်ထိုးတက်သွားတာ ဘာ့ကြောင့်လဲ။
အရှင်းဆုံးပြောရရင် ခင်ဗျားတို့ စောက်ကျင့်တွေမပြင်သေးသ၍ ဒီတိုင်းပြည် ဘယ်တော့မှ မတိုးတက်ဘူး။
တိုင်းပြည်တကယ်တိုးတက်စေချင်သလား။ စောက်ကျင့်တွေအရင်ဆုံးပြင်ပါ။ ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်ဖို့အတွက် ကျုပ်တို့တောင်းဆိုနေတာ မဟုတ်ဘူး။
ပထမဦးဆုံး ကိုယ့်အကြောင်းကိုယ်သိပြီး တိုင်းပြည်ကိုမှန်မှန်ကန်ကန်ချစ်တတ်အောင် အရင်ကြိုးစားစေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မညာတမ်းသုံးသပ်ပါ။
ဒီဓာတ်ပုံထဲမှာပါတဲ့ လေးယောက်လောက်ရဲ့ ကစားကွက်ထဲမှာတောင် ခင်ဗျားတို့က အချဉ်ဖြစ်နေတယ်။
ဘာ့ကြောင့်လဲ။
အမှန်မမြင်တော့ အမြင်မမှန်ဘူး။ အမြင်မမှန်တော့ စေတနာလည်း မမှန်ဘူး။ စေတနာမမှန်တဲ့အထဲမှာ ပညာနည်းတော့ ပညာတတ်တဲ့သူရဲ့ကစားကွက်မှာ လူးနေတယ်လို့ပဲမြင်တယ်။
မကြိုက်လည်း မတတ်နိုင်ဘူး.....
ပြင်ပါ.... ပြင်ပါ.... ပြင်ပါ။
မပြင်ရင် ခင်ဗျားတို့ကျုပ်တို့ တိုင်းပြည်ဒုက္ခနဲ့ လှလှတွေ့လိမ့်မယ်။
#ရဲကျော်သူရ
Copied and edited by #မင်းမော်